ကွေ့ကျိုးပြည်နယ် ဒန်းကျိုက်ခရိုင်ရှိ မြောင်လူမျိုး အမျိုးသမီးများ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လုပ်ငန်း ဖယောင်းဆေးဆိုးခြင်းဖြင့် ဝင်ငွေတိုးပွားလာ

(GMT+08:00)2022-10-08 12:46:04  

ကွေ့ကျိုးပြည်နယ် ဒန်းကျိုက်ခရိုင်သည် မြောင်လူမျိုး ဖယောင်းဆေးဆိုးခြင်း နည်းပညာနှင့် ကျေးလက်ဒေသရှင်သန်ရေးတို့ကို ပေါင်းစည်း ထားပါသည်။ ဒေသခံ ယဉ်ကျေးမှုဌာန၏ ထောက်ပံ့မှုဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဆက်ခံသူများသည် မြောင်လူမျိုး ဖယောင်းဆေးဆိုးခြင်း ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် လုပ်ငန်း ၁၇ ခုကို ထူထောင်ပါသည်။ ဖယောင်းဆေးဆိုးခြင်း နည်းပညာ ပိုင်နိုင် တတ်မြောက်သော မြောင်လူမျိုး အမျိုးသမီးများသည် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် အလုပ်ခွင်ထဲ၌ အလုပ်အကိုင်နေရာ ရရှိပြီး ဖယောင်းဆေးဆိုးခြင်းဖြင့် ဝင်ငွေ တိုးပွား လာပါသည်။