တရုတ်နိုင်ငံ ဆည်မြောင်းတာတမံလုပ်ငန်းမှ နေရာသစ် ၄ ခု ကမ္ဘာ့အမွေအနှစ် စာရင်းဝင်

(GMT+08:00)2022-10-08 12:45:30  

စီချွမ်းပြည်နယ် ထွန်းကျိ တာတမံ၊ ကျန်းစူးပြည်နယ် ရှင်းဟွာ အကွက်လိုက်လယ်မြေ၊ ကျဲ့ကျန်းပြည်နယ် စွန်းယန်ခရိုင် စွန်းကူ ဆည်မြောင်းရပ်ကွက်နှင့် ကျန်းရှီးပြည်နယ် ချုန်းယိခရိုင် ရှောင့်ပို လှေကားထစ် လယ်ကွက် တို့သည် အောက်တိုဘာလ ၆ရက်နေ့က ၂၀၂၂ခုနှစ် (နဝမအသုတ်)ကမ္ဘာ့ဆည်မြောင်းတာတမံလုပ်ငန်း အမွေအနှစ်နေရာစာရင်းကို အောင်မြင်စွာ ဝင်ခဲ့ပါသည်။ ယခုအထိ တရုတ်နိုင်ငံ၏ ကမ္ဘာ့ဆည်မြောင်းတာတမံလုပ်ငန်း အမွေအနှစ်နေရာ (၃၀) ရှိပြီး ဆည်မြောင်းတာတမံလုပ်ငန်း၏ အမျိုးအစား အားလုံးလိုလို ပါဝင်ပြီဖြစ်သည်။