အစ္စရေးတပ်ဖွဲ့သည် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းတွင် ပါလက်စတိုင်းလူမျိုး ၂ ဦးကို ပစ်သတ်

(GMT+08:00)2022-10-08 12:06:47  

ယခုလ ၇ ရက်နေ့တွင် အစ္စရေးတပ်ဖွဲ့သည် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ရာမ်အန်လာနှင့် ဂေလေဂျီလီယေမြို့၌ ပါလက်စတိုင်းလူမျိုးများနှင့် အချင်းပွားမှု ဖြစ်ပွားခဲ့ရာ အစ္စရေးတပ်ဖွဲ့သည် ပါလက်စတိုင်းလူမျိုး ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ပါလက်စတိုင်းမီဒီယာမှ သတင်းဖေါ်ပြချက်အရ အသတ်ခံရသူနှစ်ဦးသည် အသက် ၁၇ နှစ်အရွယ်နှင့် ၁၄ နှစ်အရွယ် လူငယ် နှစ်ဦး ဖြစ်သည်ဟု သိရပါသည်။