ကုလသမဂ္ဂညီလာခံတွင် ပါကစ္စတန် ရေဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့ရန် ဆုံးဖြတ်ချက် အတည်ပြု

(GMT+08:00)2022-10-08 12:24:36  

ယခုလ ၇ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှ အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်တွင် နိုင်ငံတကာ မိသားစုကြီးအား ပါကစ္စတန် ရေဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့ရန် ပန်ကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ယင်းဆုံးဖြတ်ချက်တွင် နိုင်ငံတကာမိသားစုကြီး အထူးသဖြင့် အလှူရှင်နိုင်ငံများ၊ နိုင်ငံတကာ ငွေရေးကြေးရေးအေဂျင်စီများ၊ သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း၊ ပုဂ္ဂလိကဌာနများနှင့် အရပ်ဘက် အဖွဲ့အစည်းများသည် ရေဘေးဒုက္ခ၏ ထိခိုက်မှု လျော့ပါးသက်သာစေရန်နှင့် နာလန်ပြန်ထူခြင်း ဆောင်ရွက်ရန် ထောက်ပံ့ကူညီပေးဖို့ ပန်ကြားထားပါသည်။