အမေရိကန်နိုင်ငံ လက်စ်ဗီးဂတ်စ် လောင်းကစားရုံတစ်ရုံ၏ အပြင်ဘက်တွင် ဓားထိုးမှု ဖြစ်ပွားသောကြောင့် လူ ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိ

(GMT+08:00)2022-10-07 18:10:22  

အမေရိကန်နိုင်ငံ လက်စ်ဗီးဂတ်စ်ရှိလောင်းကစားရုံတစ်ရုံ၏ အပြင်ဘက်တွင် ဓားထိုးမှု ဖြစ်ရပ် ဖြစ်ပွားသောကြောင့် အနည်းဆုံး လူ ၂ ဦးသေဆုံးပြီး ၆ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အမေရိကန်နိုင်ငံ CNN မှ အောက်တိုဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်သည့် သတင်းအရ သိရပါသည်။

      လက်ရှိအချိန်တွင် ရဲဘက်သည် အသက် ၃၀နှစ် အရွယ်ရှိ သံသယရှိသူတစ်ဦးကို ဖမ်းဆီးရပြီး မီးဖိုချောင်သုံးဓားတစ်ချောင်းကိုလည်း တွေ့ရှိခဲ့ပါသည်။ ယင်းသံသယရှိသူ၏ လုပ်ရပ် အကြောင်းရင်းကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါသည်။