ထရန့်သည် စာရွက်စာတမ်းအားလုံးကို ပြန်မပေးခဲ့ဟု အမေရိကန်တရားရေး ဝန်ကြီးဌာနက ယူဆကြောင်း ကန် မီဒီယာဆို

(GMT+08:00)2022-10-07 16:56:32  

ဒေသစံတော်ချိန် အောက်တိုဘာ၆ရက်နေ့က နယူးယောက်တိုင်းမ် သတင်းစာသည် ဓာတ်သိသူနှစ်ဦး၏ စကားကိုကိုးကား၍ အမေရိကန်တရားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ တစ်ဦးက သမ္မတဟောင်းထရန့်၏ရှေ့နေအား ထရန့်သည် အိမ်ဖြူတော်မှ ထွက်ခွာရာတွင် ယူသွားသော စာရွက် စာတမ်းအားလုံးကို ပြန်မပေးဟု တရားရေး ဝန်ကြီးဌာနက ယူဆကြောင်း မကြာသေးမီက ပြောကြားခဲ့သည်ဟု သတင်း ထုတ်ပြန်ခဲ့သည်။

      တရားရေး ဝန်ကြီးဌာနသည် ထရန့်က အစိုးရစာရွက်စာတမ်းများ ချန်ထားသော အထောက်အထားအသစ်များ စုဆောင်းထားခြင်း ရှိ၊မရှိ မသိရသေးကြောင်း၊ ထရန့်ကိုင်ဆောင်ထားဆဲဟု ယုံကြည်နေသည့် အချက်အလက်များကို တရားရေး ဝန်ကြီးဌာနက မည်သို့ပြန်လည်ရယူမည်နည်းကို မရှင်းလင်းကြောင်းလည်း သတင်းရင်းမြစ်များက ဆိုသည်။