သဘာဝဓာတ်ငွေ့ ချို့တဲ့မှုကို ကိုင်တွယ်ဖြေရှင်းရန် စွမ်းအင်ချွေတာဖို့ ဂျာမဏီ ကြီးကြပ်ကွပ်ကဲရေးဌာန တောင်းဆို

(GMT+08:00)2022-10-07 18:05:33  

   ပြီးခဲ့သော သီတင်းပတ်က ဂျာမဏီမိသားစုနှင့် အသေးစားကုမ္ပဏီများ၏ သဘာဝ ဓာတ်ငွေ့သုံးစွဲမှု ပမာဏသည် လွန်ခဲ့သော ၄ နှစ် အလားတူအချိန်ပိုင်းက ပျမ်းမျှ သုံးစွဲမှု ပမာဏထက် ၁၀ ရာခိုင်နှုန်းတိုးများလာကြောင်း၊ သဘာဝဓာတ်ငွေ့ သုံးစွဲမှုကို သိသိသာသာ လျှော့ချမှုမရှိလျှင် ဆောင်းရာသီတွင် ဂျာမဏီနိုင်ငံ၌ ပြင်းထန်သော စွမ်းအင် အကျပ်အတည်းနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဂျာမဏီစွမ်းအင် ကြီးကြပ်ကွပ်ကဲရေး ဌာန ဖက်ဒရယ် ကွန်ရက်အေဂျင်စီက အောက်တိုဘာလ ၆ ရက်နေ့တွင် ပြောကြားသည်။