အာဂျင်တီးနားတောင်ပိုင်း အတ္တလန္တိတ်ကမ်းရိုးတန်းတွင် ဝေလငါးအများအပြား သေဆုံး နေသည်ကို တွေ့ရှိ

(GMT+08:00)2022-10-07 18:06:59  

အာဂျင်တီးနား ဝေလငါးထိန်းသိမ်းရေးအဖွဲ့မှ မကြာသေးမီက ထုတ်ပြန်သော အစီရင် ခံစာအရ ယခုနှစ် စက်တင်ဘာလကုန်မှစ၍ အာဂျင်တီးနားနိုင်ငံ အရှေ့တောင်ပိုင်း အတ္တလန္တိတ်ကမ်းရိုးတန်းရှိ ဗာလ်တယ်စ်ကျွန်းဆွယ်၏ ကမ်းခြေများတွင် အရွယ်ရောက်ပြီး ဝေလငါး အထီး အနည်းဆုံး ၁၅ ကောင်သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး မတွေ့ရသေး သို့မဟုတ် အစီရင်ခံမှု မတင်ရသေးသော ဝေလငါးအသေ အများအပြားလည်း ရှိနိုင်ကြောင်း သိရ ပါသည်။

      လက်ရှိတွင် သေဆုံးနေသော ဝေလငါးများ၏နမူနာများကို စစ်ဆေးလျက်ရှိပြီး သေဆုံးရသည့် အကြောင်းရင်းကို မသိရသေးသော်လည်း အဆိပ်ရှိသော ပင်လယ် ကျောက်ပွင့်များ ဖြစ်ပေါ်လာသည့် ဒီရေနီကြောင့်ဖြစ်သည်ဟု အဏ္ဏဝါဇီဝဗေဒပညာရှင် အချို့က ယူဆကြောင်း သိရပါသည်။