မြောက်ကိုရီးယားသည် ဒုံးခွင်းဒုံးကျည်ဟုယူဆရသော ဒုံးကျည်နှစ်လုံးကို ပစ်လွှတ် သည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဆို

(GMT+08:00)2022-10-07 18:11:22  

ဂျပန် NHK မှ အောက်တိုဘာလ ၆ ရက်နေ့က ထုတ်ပြန်သည့် သတင်းအရ မြောက်ကိုရီးယားနိုင်ငံသည် ဒုံးခွင်းဒုံးကျည်ဟု ယူဆရသော ပျံသန်းသည့် ရုပ်ဝတ္ထု တစ်ခုကို ပစ်လွှတ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထိုနေ့နံနက်ပိုင်း ၆နာရီ ၄မိနစ်တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု သိရပါသည်။

      ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနသည် ထိုနေ့ နံနက် ၆နာရီ ၁၉ မိနစ်တွင်လည်း မြောက်ကိုရီးယားနိုင်ငံသည် ဒုံးခွင်းဒုံးကျည်ဟု ယူဆရသော ပျံသန်းသည့် ရုပ်ဝတ္ထု ဒုတိယတစ်ခုကို ပစ်လွှတ်ခဲ့ကြောင်း သတင်းနောက်တစ်ပုဒ်ကို ထပ်မံ ထုတ်ပြန်ခဲ့ပါသည်။ ထိုနေ့ နံနက် ၆နာရီ ၃၂ မိနစ်တွင် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ယင်းဒုံးခွင်းဒုံးကျည်ဟု ယူဆရသော ဒုံးကျည်သည် ကျလာပြီဖြစ်ကြောင်း ကြေညာခဲ့သည်။