အမေရိကန်ကို မြောက်ကိုရီးယား ပြစ်တင်ရှုတ်ချ

(GMT+08:00)2022-10-06 16:16:56  

မြောက်ကိုရီးယားနိုင်ငံ ဗဟိုသတင်းဌာနမှ ယခုလ ၆ ရက်နေ့ကသတင်းအရ ထို့နေတွင် မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနသည် မီဒီယာ ကြေညာချက် ထုတ်ပြန်ရာ အမေရိကန်ကို ပြစ်တင်ရှုတ်ချကြောင်း ဖော်ပြသည်ဟု သိရသည်။

၎င်းကြေညာချက်တွင် တောင်ကိုရီးယား-အမေရိကန် ပူးတွဲ စစ်ရေး လေ့ကျင့်ပွဲ အပေါ် မြောက်ကိုရီးယား စစ်တပ်၏ တန်ပြန် ဆောင်ရွက်မှု အစီအမံများကို အမေရိကန်နှင့် အမေရိကန် နောက်လိုက်သော နိုင်ငံများမှ ကုလသမဂ္ဂလုံခြုံရေးကောင်စီထံသို့ ဆွေးနွေးရန် တင်သွင်းခြင်းအား ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ဖော်ပြသည်။

မြောက်ကိုရီးယားအနေနှင့် အမေရိကန်လေယာဉ်တင် သင်္ဘောစု ကိုရီးယား ကျွန်းဆွယ် ပင်လယ် ရပ်ဝန်းသို့ ခုတ်မောင်းပြီး ကိုရီးယား ကျွန်းဆွယ်နှင့် ဘေးပတ်ဝန်းကျင်ဒေသ၏ အခြေအနေ တည်ငြိမ်မှု အပေါ် ဆိုးရွားသော ခြိမ်းခြောက်မှု ဖြစ်စေသည့် လုပ်ဆောင်မှုများကို မျက်ခြည်မပြတ် အာရုံစိုက် နေကြောင်းလည်း ဖော်ပြသည်။