နေတိုးအဖွဲ့သည် ရုရှားကိုရည်ရွယ်ပြီး စစ်ပွဲဆင်နေဟု ရုရှားအရာရှိဆို

(GMT+08:00)2022-10-06 16:13:38  

နေတိုးအဖွဲ့သည် ရုရှားနိုင်ငံကိုရည်ရွယ်ပြီး စစ်ပွဲဆင်နေကြောင်း၊ နေတိုးအဖွဲ့သည် ယူကရိန်းနိုင်ငံအား လက်နက်ကြီးများ၊ သတင်းထောက်လှမ်းရေး ထောက်ပံမှုနှင့် စစ်ရေးလေ့ကျင့်မှုများ စသည်တို့ဖြင့် ယူကရိန်းနိုင်ငံ၌ ရုရှားနှင့် ထိပ်တိုက်ရင်ဆိုင်နေကြောင်း အောက်တိုဘာလ ၅ ရက်နေ့က ရုရှားဖက်ဒရယ် လုံခြုံရေး ကွန်ဖရင့် အတွင်းရေးမှူး ပက်တရူရှက်ဖ်က ဆိုသည်။

      အမေရိကန်နှင့် ၄င်း၏ မဟာမိတ်များသည် ယူကရိန်းပြည်သူများကို ပထဝီဝင် နိုင်ငံရေးဂိမ်း၏ ချစ်ပ်များအဖြစ် သဘောထားပြီး ယူကရိန်း၌ ရုရှား၏ စစ်ရေး ဆောင်ရွက်မှုများ နှောင့်နှေးစေရန် သို့မဟုတ်  ရုရှားနိုင်ငံအတွင်း လွှဲပြောင်း ပြုလုပ်ရန် မျှော်လင့်ကြောင်း ပက်တရူရှက်ဖ်က အလေးထား ပြောကြားသည်။