အီရန်ငလျင်ကြောင့် လူအနည်းဆုံး ၅၃၀ ဒဏ်ရာရရှိ

(GMT+08:00)2022-10-06 16:15:12  

အီရန်နိုင်ငံ အနောက်မြောက်ပိုင်း အနောက်အဇာဘိုင်ဂျန်ပြည်နယ်တွင် အောက်တိုဘာလ ၅ ရက်နေ့ နံနက်တွင် ရစ်ခ်ျတာစကေး ၅.၄ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပါသည်။ ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံးလူ ၅၃၀ ဒဏ်ရာရရှိခဲ့ကြောင်း Khoy မြို့ အရေးပေါ်စီမံခန့်ခွဲမှုစင်တာမှ တာဝန်ရှိသူက ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

      ငလျင်ကြောင့် စုစုပေါင်း ရွာ ၁၂ ရွာ ထိခိုက်ခဲ့ပြီး အိမ်ခြေ ၅၀၀ ခန့် အဆင့်အမျိုးမျိုး ပျက်စီးခဲ့ကြောင်း အီရန် Tasnim သတင်းဌာနက အနောက်အဇာဘိုင်ဂျန် ပြည်နယ် အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်ကိုကိုးကား၍ ဖော်ပြခဲ့ပါသည်။

      သက်ဆိုင်ရာဌာနများသည် ဘေးဒဏ်အခြေအနေကို အကဲဖြတ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေပါသည်။