တောင်ကိုရီးယားဒုံးကျည်ပစ်လွှတ်ခြင်း မှားယွင်းသဖြင့် မီးလောင်မှုဖြစ်ပွားပြီး လူနှင့်ပစ္စည်းဥစ္စာ ဆုံးရှုံးမှုအတည်ပြုမှု မရှိသေး

(GMT+08:00)2022-10-06 16:06:40  

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က တောင်ကိုရီးယားစစ်ဘက်မှ သတင်းအရ တောင်ကိုရီးယာတွင် အခြေစိုက်သော အမေရိကန်တပ်ဖွဲ့သည် ၄ ရက်နေ့ညမှ ၅ ရက်နေ့ လင်းအားကြီးအချိန်တွင် မြေပြင်အကြား ဒုံးကျည်ပစ်ခတ်ရေးပူးတွဲလေ့ကျင့်ရာတွင် တောင်ကိုရီးယားတပ်ဖွဲ့မှ ပစ်လွှတ်ခဲ့သော Hyunmoo-2C ဒုံးကျည် တစ်လုံးသည် မှန်ကန်စွာ ပျံသန်းခြင်း မရှိသဖြင့် ကျန်းလင်(Kangleung) လေတပ်စခန်းသို့ ကျသွားခဲ့ကြောင်း၊ ညတွင် ပေါက်ကွဲမှု အသံအကျယ်ကြီး ထွက်ပေါ်လာပြီး မီးလောင်မှုလည်းဖြစ်ပွားခဲ့သည်ဟု အနီးတစ်ဝိုက်ဒေသခံများက ပြောကြားခဲ့ကြောင်း၊ တောင်ကိုရီးယားစစ်ဘက်သည် ပေါက်ကွဲမှုဖြစ်ပွားခဲ့သော အကြောင်းရင်းကို စစ်ဆေး နေပြီး ယခုအချိန်အထိ လူနှင့်ပစ္စည်းဥစ္စာ ဆုံးရှုံးနစ်နာမှု မထုတ်ပြန်သေးကြောင်း သိရပါသည်။