မြန်မာနိုင်ငံ ကရင်ပြည်နယ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခြင်းကြောင့် လူ ၆ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ

(GMT+08:00)2022-10-06 16:07:48  

      ယခုလ ၅ ရက်နေ့က ကယ်ဆယ်ရေးအလုပ်တွင်ပါဝင်သော အရာရှိတစ်ဦး၏ပြောဆိုချက်အရ ၅ ရက်နေ့ညနေပိုင်းတွင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ ကရင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၆ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

သက်ဆိုင်ရာသတင်းအရ တိမ်းမှောက်ခဲ့သော ကားပေါ်တွင် လူ ၂၈ ဦးတင်ထားပြီး ၄င်းတို့သည် မြန်မာ့ရိုးရာ အကအဖွဲ့ဝင်များဖြစ်ကာ ကား၏ ဘရိတ် ချွတ်ယွင်း သဖြင့် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ပေးပြီး ၄င်းတို့အနက် ၈ဦး ဒဏ်ရာ ပြင်းထန်ကြောင်း သိရပါသည်။