ထိုင်း Phra Nakhon Si Ayutthaya ပြည်နယ်ရှိ ရှေးဟောင်း အကြွင်းအကျန်နေရာ ၄၀ ကျော် ရေလွှမ်းမိုးမှု ခံရ

(GMT+08:00)2022-10-06 16:27:04  

ထိုင်းနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာ ဦးစီးဌာန ဒုညွှန်ချုပ် ဆာတာဖုန်က တိုင်ဖွန်းမုန်တိုင်း Noruz(Super Typhoon Noruz) ၏ တိုက်ခတ်မှုကြောင့် မကြာခင်ရက်များက ထိုင်း ဒေသများစွာတွင် ရေဘေးဒုက္ခ ဖြစ်ပွားနေကြောင်း၊ အလယ်ပိုင်း Phra Nakhon Si Ayutthaya ပြည်နယ်ရှိ Ayutthaya ရှေးဟောင်းမြို့ အကြွင်းအကျန်နေရာ ဥယျာဉ်အနီးတစ်ဝိုက် မြစ်များ၏ ရေအမှတ် ၁မီတာကျော် မြင့်တက်လာခဲ့ပြီး မကြာမီတွင် စင်တီမီတာ ၃၀မှ ၆၀အထိ ဆက်တိုက် မြင့်တက်လာမည်ဟု ဆည်မြောင်း တာတမံ လုပ်ငန်းဌာနမှ ခန့်မှန်းရကြောင်း၊ ဒေသခံ ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ထိန်းသိမ်း ကာကွယ်ရေးဌာနသည် ၄င်းဥယျာဉ်အတွင်းရှိ အမြုတေကျသော ရှေးဟောင်း အကြွင်းအကျန် အဆောက်အအုံများကို ရေဘေးကာကွယ်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး အစီအမံများကို ပြုလုပ်ခဲ့၍ ရှေးဟောင်း အကြွင်းအကျန် အဆောက်အအုံအများစု ဆိုးရွားသော ထိခိုက်မှုခံရခြင်း မရှိကြောင်း၊ သို့သော် ဥယျာဉ်အတွင်း မြေနိမ့်ချိုင့်ဝှမ်း နေရာများရှိ ရှေးဟောင်းအကြွင်းအကျန် အဆောက်အအုံ ၄၀ကျော် ရေလွှမ်းမိုးမှု ခံရကြောင်း ယခုလ ၅ ရက်နေ့က ပြောကြားသည်။