တောင်ကိုရီးယားစစ်တပ်၏ ဒုံးကျည်ပစ်လွှတ်မှု မှားယွင်းမှုကြောင့် မီးလောင်မှုဖြစ်ပွား

(GMT+08:00)2022-10-06 16:29:38  

အောက်တိုဘာလ ၅ ရက်နေ့က တောင်ကိုရီးယားစစ်ဘက်မှ သတင်း ထုတ်ပြန်ချက်အရ ၊ တောင်ကိုရီးယားနှင့် အမေရိကန် စစ်တပ်တို့သည် ၄ ရက်နေ့ညမှ ၅ရက်နေ့ လင်းအားကြီးအချိန်အထိ ပူးပေါင်းပြုလုပ်သော မြေပြင် ဒုံးကျည် ပစ်ခတ် လေ့ကျင့်ရာတွင် တောင်ကိုရီးယားစစ်တပ် ပစ်လွှတ်ခဲ့သော Hyunmoo-2C ဒုံးကျည် တစ်လုံးသည် ပုံမှန်မဟုတ်ဘဲ မှားယွင်းစွာ ပျံသန်းပြီးနောက် အနီးနားရှိ လေတပ်အခြေစိုက်စခန်းသို့ ပျက်ကျခဲ့ကြောင်း၊  ညဘက်တွင် ကျယ်လောင်သော ပေါက်ကွဲသံများ အကြိမ်ကြိမ် ကြားရပြီး မီးလောင်မှုလည်း ဖြစ်ပွားခဲ့ကြောင်း အနီးနားနေထိုင်သူများက ပြောသည်။ လက်ရှိအချိန်အထိ ယခုအကြိမ်ပစ်လွှတ်မှု ချို့ယွင်းခြင်းကြောင့် လူနှင့် ပစ္စည်းဥစ္စာများ ဆုံးရှုံးမှုကို အပြည့်အဝအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း China Media Group မှ သတင်းအရသိရပါသည်။