OPEC နှင့် OPEC မဟုတ်သောရေနံထုတ်လုပ်သူ နိုင်ငံများသည် နိုဝင်ဘာလမှစပြီး နေ့စဉ် ရေနံထုတ်လုပ်မှု စုစုပေါင်းပမာဏ စည်ပေါင်း ၂ သန်းလျှော့ချရန် ဆုံးဖြတ်

(GMT+08:00)2022-10-06 16:12:15  

အောက်တိုဘာလ ၅ ရက်နေ့က OPEC နှင့် OPEC မဟုတ်သော ရေနံထုတ်လုပ်သူ နိုင်ငံများ ၃၃ ကြိမ်မြောက် ဝန်ကြီးများအဆင့် အစည်းအဝေးကို သြစတီးယားနိုင်ငံ ဗီယင်နာမြို့၌ ကျင်းပခဲ့ရာ နိုဝင်ဘာလမှစပြီး နေ့စဉ်ရေနံထုတ်လုပ်မှု စုစုပေါင်းပမာဏကို စည်ပေါင်း ၂သန်းလျှော့ချရန် ဆုံးဖြတ်ခဲ့သည်။

      မကြာခင်ရက်များအတွင်း ကမ္ဘာ့ စီးပွားရေးတိုးတက်မှု ရှေ့အလားအလာအပေါ် စိုးရိမ်မှုကြောင့် နိုင်ငံတကာရေနံစိမ်းဈေးနှုန်းသည် များစွာကျဆင်းလာပြီး နယူးယောက်မှ ရေနံစိမ်း၏ ကြိုရောင်းကုန် အဓိကစာချုပ်ဈေးသည် ယခုနှစ် ဇွန်လပိုင်းက တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၂၀ ကျော်မှ လက်ရှိတွင် တစ်စည်လျှင် ၈၇ ဒေါ်လာခန့်အထိ သိသိသာသာ ကျဆင်းသွားကာ ရုရှားနှင့်ယူကရိန်းတို့ကြား ပဋိပက္ခမဖြစ်ခင်အဆင့်သို့ ပြန်လည်ကျဆင်းသွားကြောင်း၊ လန်ဒန် Brent ရေနံစိမ်း ကြိုရောင်းကုန်ဈေးသည်လည်း အလားတူ ကျဆင်းမှု တွေ့ရကြောင်း China Media Group မှ သတင်းအရ သိရပါသည်။