ယူကရိန်းနိုင်ငံ ပြည်သူ့ရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာနမှ သတင်းထုတ်ပြန်ချက်အရ အောက်တိုဘာလ ၄ ရက်နေ့တွင် ယူကရိန်းသမ္မတဇလန်စကီးသည် နိုင်ငံတော်လုံခြုံရေး ကောင်စီ၏ ရုရှားသမ္မတပူတင်နှင့် ဆွေးနွေးညှိနှိုင်းရန် မဖြစ်နိုင်ဆိုသည့် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သည်။
ထိုနေ့တွင်ပင် ရုရှားနိုင်ငံ ကရင်မလင်နန်းတော်သည် အဆိုပါကိစ္စရပ်ကို တုံ့ပြန်ခဲ့ပါသည်။ ရုရှားဘက်က ညှိနှိုင်းဆွေးနွေးရာတွင် နှစ်ဖက်စလုံး၏ ပူးပေါင်းပါဝင်မှု လိုအပ်ကြောင်း၊ ရုရှားဘက်သည် အထူးစစ်ရေးဆောင်ရွက်မှုမတိုင်ခင်အထိ ငြိမ်းချမ်းသော သံတမန်ရေး နည်းလမ်းများဖြင့် ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် အမြဲတမ်း ကြိုးပမ်းဆောက်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။