တောင်ကိုရီးယားနှင့် အမေရိကန် မဟာမိတ်တပ်ဖွဲ့သည် ကိုရီးယားကျွန်းဆွယ် အရှေ့ဘက် ပင်လယ်ရပ်ဝန်းသို့ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်လေးလုံးပစ်လွှတ်

(GMT+08:00)2022-10-05 15:02:40  

      အောက်တိုဘာလ ၅ ရက်နေ့တွင် တောင်ကိုရီးယားနှင့် အမေရိကန် မဟာမိတ် တပ်ဖွဲ့ သည် ကိုရီးယားကျွန်းဆွယ် အရှေ့ဘက် ပင်လယ်ရပ်ဝန်းသို့ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်လေးလုံးကို ပစ်လွှတ်ခဲ့ပါသည်။

      ယခုအကြိမ် ပူးတွဲဒုံးကျည်ပစ်လွှတ်မှုတွင် တောင်ကိုရီးယားစစ်တပ်နှင့် တောင်ကိုရီးယားတွင် တပ်စွဲထားသော အမေရိကန်စစ်တပ်တို့သည် ကြည်းတပ် နည်းဗျူဟာမြောက် ဒုံးကျည်(ATACMS) နှစ်လုံးကို အသီးသီး ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးဌာနမှ ပြောကြားခဲ့ပါသည်။