တရုတ်-လာအို ရထားလမ်း ပြေးဆွဲသည့် ၁၀ လတွင် ကုန်ပစ္စည်းနှင့် ခရီးသည် သယ်ယူပို့ဆောင်မှု ပမာဏ ဆက်တိုက် တိုးပွား

(GMT+08:00)2022-10-05 14:59:18  

တရုတ်-လာအို ရထားလမ်း စတင် ပြေးဆွဲသည့် ၁၀ လတွင် သက်ဆိုင်ရာဌာနသည် ဝန်ဆောင်မှု သစ်များကို ဆောင်ရွက်ပြီး ရထားလမ်း၏ ရွှေလမ်းကြောင်း အခန်းကဏ္ဍသည် တစ်နေ့တခြား ပေါ်လွင်လာကြောင်း၊ ယခုလ ၃ ရက်နေ့အထိ ခရီးသည် ၇.၃၉ သန်းကို သယ်ယူပို့ဆောင်ပြီး နိုင်ငံ ဖြတ်ကျော် ကုန်ပစ္စည်းတန်ချိန် ၁.၅၄ သန်း အပါအဝင် စုစုပေါင်း ကုန်ပစ္စည်း တန်ချိန် ၈.၅၁သန်းကို သယ်ယူပို့ဆောင်ခဲ့ကြောင်း၊ တရုတ်-လာအို ရထားလမ်း “လန်ချန်း-မဲခေါင်း အမြန်လိုင်း” ၏ နိုင်ငံတကာ ကုန်တင်ရထား အစင်း ၂၀၀ကျော်ကို ပြေးဆွဲခဲ့ကြောင်း China Railway Kunming Group Co.Ltd. မှ ယခုလ ၄ ရက်နေ့ သတင်းအရ သိရသည်။