ရှန်ဟိုင်းမြို့မှ ဆင်ဟွာလမ်းတယ်လီဖုန်းအခန်းသည် အသေးစားဆင်ဟွာစာအုပ်ဆိုင်အဖြစ် ပြောင်းလဲ

(GMT+08:00)2022-10-05 15:08:19  

အောက်တိုဘာလ ၂ ရက်နေ့က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ဆင်ဟွာလမ်းပေါ်မှ တယ်လီဖုန်း အခန်းသည် အသေးစားဆင်ဟွာစာအုပ်ဆိုင်အဖြစ် ပြောင်းလဲလာပြီး ပြည်သူများကို များစွာ ဆွဲဆောင်လျက်ရှိသည်။

မကြာခင်ရက်များက ရှန်ဟိုင်းမြို့ ဆင်ဟွာလမ်းပေါ်ရှိ အသစ် မွမ်းမံထားသော တယ်လီဖုန်း အခန်းများသည် သွားလာသူများ၏ အာရုံစိုက်မှုနှင့် သိချင်စိတ်ကို များစွာ ဆွဲဆောင်နေသည်။ အရင်က သုံးချသူနည်းပါးသော တယ်လီဖုန်းခန်းများသည် အသေးစား ဆင်ဟွာစာအုပ်ဆိုင်အဖြစ် ပြောင်းလဲလာပြီး စာအုပ်ဆိုင်တွင် စာအုပ်အမျိုးမျိုး အပြည့်ရှိကာ သွားလာသူများ အလွယ်တကူ စာအုပ်ဆိုင်ကို သွားကြည့်စေရန် ဆွဲဆောင်ထားသည်။