ယူကရိန်းအတွက် စစ်ရေးထောက်ပံ့မှု ဒေါ်လာ ၆၂၅ သန်းပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ခွင့်ပြု

(GMT+08:00)2022-10-05 15:00:21  

 အောက်တိုဘာလ ၄ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken သည် ယူကရိန်းနိုင်ငံအတွက် စစ်ရေးထောက်ပံ့မှု ကန်ဒေါ်လာ ၆၂၅သန်းကို နောက်ထပ် ပံ့ပိုးပေးရန် တရားဝင်ခွင့်ပြုခဲ့ကြောင်း၊  Blinken က ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ရာတွင် သမ္မတ Biden ၏ လမ်းညွှန်မှုဖြင့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လကတည်းက ယူကရိန်းနိုင်ငံအား ၂၂ ကြိမ်မြောက်အဖြစ် အမေရိကန်ဒေါ်လာ ၆၂၅ သန်း တန်ဖိုးရှိသော လက်နက်နှင့် ပစ္စည်းကိရိယာများ ထောက်ပံ့ခြင်းကို မိမိခွင့်ပြုခဲ့ကြောင်း၊ ယင်းထဲတွင် အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာနမှ သိုလှောင်ထားသော လက်နက်များ၊ ခဲယမ်းမီးကျောက်များနှင့် ပစ္စည်းကိရိယာများ ပါဝင်ကြောင်း၊ Biden သည် အမေရိကန်သမ္မတအဖြစ် တာဝန် ထမ်းဆောင်ပြီးနောက် အမေရိကန်နိုင်ငံ၏ ယူကရိန်းနိုင်ငံအား စစ်ရေးအကူအညီ စုစုပေါင်း ပမာဏမှာ ကန်ဒေါ်လာ ၁၇.၅ ဘီလီယံ ကျော်လွန်သွားပြီဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။