လူပေါင်း ၂ သိန်းကျော်ကို စည်းရုံးမှုလုပ်ဆောင်နိုင်ခဲ့ပြီဟု ရုရှား ကာကွယ်ရေးဝန်ကြီးဆို

(GMT+08:00)2022-10-05 15:05:44  

     ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က လူပေါင်း ၂ သိန်းကျော်ကို ရုရှားစစ်တပ်အင်အားသို့ ပါဝင်ရန် စည်းရုံးမှု လုပ်ဆောင်နိုင်ခဲ့ပြီး အဆိုပါတပ်ဖွဲ့ဝင်များသည် လေ့ကျင့်မှုပြီးဆုံးပြီးနောက် တိုက်ပွဲတွင် ပါဝင်ပြီးသားတပ်ဖွဲ့များနှင့် အထူးစစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။