ရှန်းတုန်းပြည်နယ် ယန်းထိုင်မြို့၌ ရိုးရာဝတ်စုံဝါသနာအိုးများ ချုံယန်ပွဲတော်ကို နွှဲပျော်ကြ

(GMT+08:00)2022-10-05 15:07:31  

       ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် တရုတ်နိုင်ငံ ရှန်းတုန်းပြည်နယ် ယန်းထိုင်မြို့ရှိ ဖုန်လိုင်ကိုရှုခင်းသာနေရာတွင် တရုတ်သက္ကရာဇ် ၉လပိုင်း ၉ရက်နေ့ ချုံယန်ပွဲတော် ရိုးရာဝတ်စုံ ပြပွဲကိုကျင်းပခဲ့ရာ ရိုးရာဝတ်စုံဝါသနာအိုး ၄၀ ကျော် တို့သည် လှပသောရိုးရာဝတ်စုံ၊ ရိုးရာအပြုအမူကျင့်ဝတ်များနှင့် ရိုးရာယဉ်ကျေးမှုများကို ပြသခြင်းဖြင့် ချုံယန်ပွဲတော်ကို နွှဲပျော်ကြသည်။