အင်ဒိုနီးရှား ဘောလုံးပရိသတ်များ ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် သေဆုံးသူ ၁၃၁ ဦးအထိ မြင့်တက်လာ

(GMT+08:00)2022-10-05 15:05:09  

အင်ဒိုနီးရှားနိုင်ငံ မာလန်းမြို့၌ ဘောလုံးပရိသတ်များကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၃၁ ဦးအထိ မြင့်တက်လာခဲ့ကြောင်း အောက်တိုဘာလ ၄ ရက်နေ့က အင်ဒိုနီးရှားအစိုးရအရာရှိတစ်ဦးက ပြောသည်။

     အောက်တိုဘာလ ၁ ရက်နေ့ညက အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် မလန်းမြို့ ကန်ဂျူလူဟန် ‌ဘောလုံးအားကစားကွင်း၌ ကျင်းပသည့် ဘောလုံးပြိုင်ပွဲတွင် နှစ်သင်းစလုံး၏ ပရိသတ်များ ပြင်းထန်စွာ တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် ရာနှင့်ချီသော လူများသည် အားကစားကွင်း၏ ထွက်ပေါက်မှတစ်ဆင့် ထွက်ခွာလိုပြီး လူအုပ်ကြီးမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြသည်။