ကန်သည် Nord Stream ယိုစိမ့်မှု ပြုလုပ်သူ ဖြစ်နိုင်ခြေအများဆုံးရှိဟု ကန်ပညာရှင်ဆို

(GMT+08:00)2022-10-05 14:58:18  

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးအရာရှိဟောင်း၊ အမေရိကန် Columbia တက္ကသိုလ် စီးပွားရေးပညာ ပါမောက္ခ Jeffrey Sachs က မကြာခင်က အမေရိကန် မီဒီယာမှ အင်တာဗျူးကို လက်ခံရာတွင် အမေရိကန်သည် Nord Stream သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း၏ ယိုစိမ့်မှု အရေးအခင်း ဖန်တီးသူ ဖြစ်နိုင်ခြေ အများဆုံးရှိသည်ကို လက္ခာများစွာ ပြသနေကြောင်း ပြောကြား သည်။

ယင်းလက္ခဏာများတွင် အမေရိကန် ရဟတ်ယာဉ်သည် Nord Stream သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း အနီးတွင် ပုံမမှန် ပျံသန်းမှု၊ Nord Stream လုပ်ငန်း အစီအစဉ် ရပ်တန့်မည်ဟု အမေရိကန် အရာရှိမှ သတိပေးပြောခြင်း၊ ယင်းအရေးအခင်းသည် ရုရှားစွမ်းအင်အပေါ် ဥရောပ၏မှီခိုအားထားခြင်းမှ လွတ်မြောက်စေရန် အလွန်ကောင်းမွန်သော အခွင့်ကောင်း ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken မှ ပြောကြားခြင်း ပါဝင်ကြောင်း Jeffrey Sachs က ပြောကြားသည်။

၎င်းက Nord Stream သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း၏ ယိုစိမ့်မှု အရေးအခင်းသည် ဥရောပ အပေါ် အလွှာပေါင်းစုံမှ ဆိုးရွားသော ထိခိုက်မှု ဖြစ်ကြောင်း၊ ဥရောပ၏ အရေးကြီး အခြေခံ အဆောက်အအုံ တစ်ခုကို ခေတ္တ ဖျက်ဆီး သို့မဟုတ် ထာဝရ ဖျက်ဆီးနိုင်ဖွယ်ရာရှိကြောင်း၊ စွမ်းအင် အကျပ်အတည်း ကြောင့် ဖြစ်ပေါ်လာသော စီးပွားရေး ဆိုးရွားစွာ ဆုတ်ယုတ်မှုသည် ဥရောပအပေါ် ပိုမို လွယ်ကူစွာ ထိခိုက်စေမည် ဖြစ်ကြောင်း၊ ယင်းအခြေအနေမျိုးတွင် ဥရောပသည် အမေရိကန်အပေါ် ပိုပြီး မှီခိုအားထားရမည် ဖြစ်ကြောင်း၊ ရုရှားကတော့ ဆွေးနွေးခြင်း အတွက် အားသာချက် တစ်ခုကို ဆုံးရှုံးမည် ဖြစ်ကြောင်း ပြောကြားသည်။