ဗြိတိန်နှင့်ဥရောပသမဂ္ဂတွင် ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ငှက်အကောင်ရေ ၄၈ သန်းကို ဖမ်းဆီးသုတ်သင်

(GMT+08:00)2022-10-04 13:02:26  

ဗြိတိန်မီဒီယာများ၏ သတင်းထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ ကြက်ငှက်တုပ်ကွေးရောဂါ စံချိန်တင်ပြီး အရှိန်အဟုန်ဖြင့် ဖြစ်ပွားခဲ့၍ ဗြိတိန်နိုင်ငံနှင့် ဥရောပသမဂ္ဂနိုင်ငံများတွင် ငှက်အကောင်ရေစုစုပေါင်း ၄၈ သန်းကို ဖမ်းဆီး သုတ်သင်ခဲ့ကြောင်း သိရသည်ဟု China Media Groupက ဖော်ပြသည်။

အဆိုပါအချိန်ကာလအတွင်း ဗြိတိန်နိုင်ငံတွင် အိမ်မွေးကြက်ငှက်များအနက် ကူးစက် စွမ်းအားမြင့်သော ကြက်ငှက်တုပ်ကွေးရောဂါခံရသောကြက်ငှက် ၁၆၁ ကောင်ကို တွေ့ရှိ၍ ကြက်ငှက်စုစုပေါင်း ၃၂ သိန်းကို သုတ်သင်ခဲ့သည်။ ၂၀၂၀ပြည့်နှစ်မှ ၂၀၂၁ခုနှစ် အလားတူ အချိန်တွင်မူ ယင်းကြက်ငှက် တုပ်ကွေးရောဂါမျိုးခံရသော ကြက်ငှက် ၂၆ကောင်သာရှိကြောင်း သတင်းရရှိပါသည်။