ဘိုးဘွားတို့၊ ဒီမှာကြည့်ပါဦး "ကလစ်"

(GMT+08:00)2022-10-04 13:19:09  

၁၉၉၀ ခုနှစ်နှောင်းပိုင်းကမွေးခဲ့သော အမျိုးသမီးစိန်မိန့်ချင်က အဖွားနဲ့အတူ ကြီးပြင်း လာခဲ့ သော်လည်း အလုပ်လုပ်ပြီးနောက် သက်ကြီးရွယ်အိုများနှင့် အဖော်လုပ်ရန် အချိန်နည်းပါးခဲ့တယ်။ သူမဟာ ဓာတ်ပုံရိုက်ခြင်းကို နှစ်သက်ပြီး ကင်မရာဖြင့် အဖွား၏ဘဝကို မှတ်တမ်းတင်ချင်ပါတယ်။ ကင်မရာထဲမှာ အသက် ၈၀ အရွယ်ရှိအဖွားက ချစ်စရာကောင်းတယ်၊ နူးညံ့တယ်၊ ကြင်နာတယ်၊ ကလေးဆန်တယ်။ စိန်မိန့်ချင်က "ဒါက အချစ်ပါသော ကင်မရာမြင်ကွင်းပါ၊ ကျွန်မအဖွား အသက် နှစ် ၁၀၀ လောက်အထိ ဓာတ်ပုံရိုက်ပေးချင်ပြီး ပန်းခင်းအားလုံးမှာ အဖွားကို ဓာတ်ပုံရိုက်ပေးချင်တယ်” ဟု ဆိုပါတယ်။

၂၀၀၀ ခုနှစ်နှောင်းပိုင်းမွေးခဲ့သော မိန်းကလေးလျူလျှောဟုန်က အသက် ၉၀ အရွယ် အဘိုးအဘွားများ၏ ငယ်ဘဝနောင်တရမှုများကိုဖြည့်စွက်ပေးဖို့ သူမက ဓါတ်ပုံရိုက်ပညာကို ကိုယ့်ဘာသာသင်ကြားပြီး  "ငယ်ဘ၀ဓါတ်ပုံ" အတွဲ ၂၀ ကျော်ကို ရိုက်ကူးခဲ့ပါတယ်။ လျူလျှောဟုန်က အဘိုးအဘွားတွေဟာ လယ်သမားတွေဖြစ်ပြီး မိသားစုဘဝကို ထောက်ပံ့ဖို့ ကြိုးစားခဲ့ကြတယ်လို့ ပြောပါတယ်။ သူမဟာ သူတို့အတွက် အမှတ်တရအဖြစ် ရိုက်ပေးချင်ပါတယ်။ "လှပတဲ့ဓာတ်ပုံတွေရိုက်ဖို့ဆိုတာ လူငယ်တွေအတွက် ဘယ်တော့မှ အခွင့်ထူးမဟုတ်ဘူး" လို့ လျူလျှောဟုန်က ပြောပါတယ်။

အသက် ၇၀ နှစ်ကျော်သော ဟန့်ဖူ(တရုတ်ရိုးရာဝတ်စုံ)အဖွားလျူဝေရှုဟာ ပီကင်းအော်ပရာ မင်းသမီးတစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ အငြိမ်းစားယူပြီးနောက် သူမဟာ ပီကင်းအော်ပရာ ဇာတ်ရုပ်များကို ဟန့်ဖူမှာ ပြသဖို့ ယူဆောင်လာကာ စင်ပေါ်မှာ ဖျော်ဖြေတဲ့ခံစားချက်ကို ပြန်လည်ရရှိစေပြီး အတွေ့အကြုံအသစ်တွေလည်း ရခဲ့ပါတယ်။ ဆံပင်ဖြူပေမယ့် စိတ်ဓာတ်က မဟောင်းသေးသရွေ့ နှစ်တွေကြာလာတာနဲ့အမျှ အလှတရားတွေလည်း ရှိနေပါသေးတယ်။