ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းစစ်သား ၁၅,၀၀၀ ကို လေ့ကျင့်ပေးရန် သဘောတူညီခဲ့ကြ

(GMT+08:00)2022-10-04 13:03:18  

      ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းစစ်သား ၁၅,၀၀၀ ကို လေ့ကျင့်ပေးခြင်း လျင်မြန်စွာ ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်ဟု ဂျာမနီ နိုင်ငံမီဒီယာက သတင်း ဖော်ပြခဲ့ပါသည်။

      ဥရောပသမဂ္ဂမှ သတင်းရင်းမြစ်များကို ကိုးကား၍ အဆိုပါ စီမံကိန်းအရ ပိုလန် နိုင်ငံသည် ဥရောပသမဂ္ဂမှ ငွေကြေးရပြီး ယင်းစီမံကိန်းအတွက် ရုံးချုပ်တစ်ခုကို ထူထောင် ပေးမည်ဖြစ်ကြောင်း၊ အချို့လုပ်ငန်းစဉ်များကို အခြား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါသည်။ ယင်းစီမံကိန်း၏ နောက်ဆုံး အသေးစိတ် အချက်အလက်များကို လာမည့်သီတင်းပတ်တွင် ဘရပ်ဆဲလ်တွင် ညှိနှိုင်းမည်ဖြစ်ပါသည်။