၂၀၂၂ ခုနှစ် ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကြေညာ

(GMT+08:00)2022-10-04 13:06:27  

၂၀၂၂ ခုနှစ် ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာဆိုင်ရာနိုဘယ်ဆုကို SvantePääbo အားချီးမြှင့်ပြီး မျိုးသုဉ်းသွားသော ရှေးခေတ် လူသားမျိုးရိုးဗီဇများနှင့် လူသားဆင့်ကဲဖြစ်စဉ် သုတေသနပြုမှုအတွက် ၎င်း၏ အကျိုးဆောင်မှုကို ချီးကျူးကြောင်း ဒေသစံတော်ချိန် အောက်တိုဘာလ ၃ ရက်နေ့က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ နိုဘယ်ဆုကော်မတီအတွင်းရေးမှူးချုပ် Thomas Perlman က ကြေညာခဲ့သည်။

SvantePääbo သည် ၁၉၅၅ ခုနှစ် ဧပြီလ ၂၀ ရက်နေ့က မွေးဖွားခဲ့ပြီး ဆွီဒင်နိုင်ငံမှ ဇီဝဗေဒပညာရှင်နှင့် ဆင့်ကဲဖြစ်စဉ် မျိုးရိုးဗီဇဆိုင်ရာ ကျွမ်းကျင်သူဖြစ်သည်။ ၎င်းသည် ဆုငွေ ဆွီဒင်ခရိုနာ ၁၀ သန်း ရရှိမည်ဟု သတင်းအရ သိရပါသည်။