ဆွီဒင်သည် Nord Stream ယိုစိမ့်သည့်နေရာအနီးရှိ ပင်လယ်ရပ်ဝန်းကို ပိတ်ဆို့ပြီး ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးကို ပြုလုပ်

(GMT+08:00)2022-10-04 13:04:10  

      “Nord Stream” သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုဖြစ်ပွားရာ နေရာအနီးရှိ ပင်လယ် ရပ်ဝန်းကို ပိတ်ဆို့ထားပြီး ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးကို ပြုလုပ်မည်ဟု ဆွီဒင်နိုင်ငံ ရှေ့နေရုံးက အောက်တိုဘာလ ၃ ရက်နေ့တွင် ကြေညာခဲ့ပါသည်။

      ဆွီဒင်နိုင်ငံ ကမ်းရိုးတန်းစောင့်တပ်မှ အောက်တိုဘာလ ၃ ရက်နေ့ညနေပိုင်းက သတင်းထုတ်ပြန်ချက်တွင် ဆွီဒင်နိုင်ငံ ရှေ့နေရုံး၏ တောင်းဆိုချက်အရ ကမ်းရိုးတန်းစောင့် တပ်ဖွဲ့သည် “Nord Stream” ပိုက်လိုင်း ယိုစိမ့်မှုဖြစ်ပွားရာ နေရာနှင့် ၅ ရေမိုင် ရှိ ပင်လယ်ရပ်ဝန်းတွင် သင်္ဘောများ ဝင်ရောက်ခြင်း၊ ကျောက်ချခြင်း၊ ရေငုပ်ခြင်းနှင့် ငါးဖမ်းခြင်း စသည့် လှုပ်ရှားမှုများအားလုံးကို တားဆီးပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။