ဟိုင်နန်ပြည်နယ်မှ Duty Free ဆိုင်များ ၃ ရက်အတွင်း ရောင်းချမှု ပမာဏ တရုတ်ယွမ်ငွေ သန်းပေါင်း ၆၃၀ ရှိ

(GMT+08:00)2022-10-04 13:05:45  

       တရုတ်အမျိုးသားနေ့ ရုံးပိတ်ရက်ရှည်အတောအတွင်း တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်သည် ပေါ်လစီ အမျိုးမျိုးဖြင့် ခရီးသည်များကို ဆွဲဆောင်နေသည်။ ဟိုင်နန်ပြည်နယ် ကုန်သွယ်မှုရုံးမှ အောက်တိုဘာလ ၃ ရက်နေ့က ထုတ်ပြန်သောစာရင်းအရ စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့အထိ ဟိုင်နန်ပြည်နယ်မှ Duty Free ဆိုင် ၁၀ ဆိုင်တို့၏ ရောင်းချမှုပမာဏမှာ တရုတ်ယွမ်ငွေ သန်းပေါင်း ၆၃၀ ရှိပြီး ဆိုင်များသို့ ဝင်လာသောခရီးသည် ၁၅၀၀၀၀ ခန့်ရှိကြောင်း သတင်းအရ သိရပါသည်။