အမေရိကန်အား ပြည်တွင်း ရဲဘက်မှ အကြမ်းဖက်မှု စသည့် လူမျိုးရေး ခွဲခြားမှုများကို ထိရောက်တိကျစွာ ဖြေရှင်းရန် တရုတ် တိုက်တွန်း

(GMT+08:00)2022-10-04 13:00:58  

       တရုတ်ကိုယ်စားလှယ် ကျန်တွမ်းက ယခုလ ၃ ရက်နေ့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ၅၁ ကြိမ်မြောက် အစည်းအဝေး၌ အာဖရိက အနွယ်ဖွား အမေရိကန် နိုင်ငံသားများသည် ဥပဒေကျင့်သုံးမှုဆိုင်ရာ တရားမျှတမှု မရှိခြင်းကို ရင်ဆိုင်နေရကြောင်း၊ အမေရိကန်အား ဆောင်ရွက်မှုများကို ထိရောက်တိကျစွာ ပြုလုပ်ပြီး ပြည်တွင်းရှိစနစ်ဆိုင်ရာ လူမျိုးရေး ခွဲခြားမှုနှင့် ရဲဘက်မှ အကြမ်းဖက်မှု စသည့် ပြဿနာများကို ဖြေရှင်းရန် တိုက်တွန်းကြောင်း ဖော်ပြသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

ကျန်တွမ်းက တရုတ်ပြည်သည် ဘက်အသီးသီးနှင့်အတူ လူမျိုးရေး ခွဲခြားမှု မှန်သမျှကို တိုက်ဖျက်ပြီး သက်ညှာထောက်ထားမှု၊ တန်းတူညီမျှမှုနှင့် လွတ်လပ်မှု ရှိသည့် လူ့ဘောင် အဖွဲ့ အစည်းကို တည်ထောင်ရန် လက်တွဲ ကြိုးပမ်းကြလိုကြောင်းလည်း ပြောကြားသည်။