ဟာရီကိန်း Ian ကြောင့် အမေရိကန်တွင် လူ ၁၀၀ ကျော်သေဆုံး

(GMT+08:00)2022-10-04 13:01:44  

CNN သတင်းဌာနမှ အစိုးရအချက်အလက်များကို ကိုးကားပြီး ဒေသစံတော်ချိန် အောက်တိုဘာလ ၃ ရက်နေ့က သတင်းထုတ်ပြန်ချက်အရ ဟာရီကိန်း Ian ကြောင့် အမေရိကန်နိုင်ငံတွင် လူစုစုပေါင်း ၁၀၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ ယင်းအနက် ဖလော်ရီဒါပြည်နယ်တွင် လူ ၁၀၀ ဦးနှင့် မြောက်ကာရိုလိုင်းနားတွင် လူ ၄ ဦး သေဆုံး ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

Oxford Economics မှ ထုတ်ပြန်သော စာရင်းဇယားအရ ယခုအကြိမ် ဟာရီကိန်း မုန်တိုင်းကြောင့် ဖလော်ရီဒါပြည်နယ်နှင့် တောင်ကာရိုလိုင်းနားပြည်နယ်၏ တတိယ သုံးလပတ် စီးပွားရေးတိုးနှုန်းကို ၃ ရာခိုင်နှုန်းနှင့် ၂ ရာခိုင်နှုန်း အသီးသီး လျှော့ချ နိုင်ဖွယ်ရာရှိကြောင်း သတင်းရရှိပါသည်။