အသက် ၆၇ နှစ်အရွယ်အဖွားအိုသည် အဘယ့်ကြောင့် အသက်ကြီးမည်ကို မကြောက်သနည်း

(GMT+08:00)2022-10-04 13:15:55  

"အသက်ကြီးတာမကြောက်ဘူး" အသက် ၆၇ နှစ်အရွယ် အဖွား Zhang Min က ပြောပါသည်။ ရုပ်ရှင်၊ ကြော်ငြာတွေရိုက်၊ မော်ဒယ်ကိုလုပ်... သူမသည် ငယ်စဉ်က စာရင်းကိုင်လုပ်ငန်းတွင်ပါဝင်ခဲ့ပြီး အသက် ၆၃ နှစ်တွင် ဤလုပ်ငန်းကို စတင်ဝင်ရောက်ခဲ့သည်။ သူမသည် ပရော်ဖက်ရှင်နယ်သရုပ်ဆောင် လေ့ကျင့်မှု တစ်ကြိမ်မှ မရရှိခဲ့ပါ၊ ယခုသူမသည် ကင်မရာရှေ့တွင် ဘဝအမျိုးမျိုးကို သရုပ်ဆောင်နေပြီး ယခုအသက်နှင့် လိုက်လျောညီထွေသောအလှကို ပြသကာ မိမိအတွက်လည်း တက်ကြွပြီး အရောင်အသွေးစုံလင်သော နေထိုင်မှုကို ရရှိပြီ ဖြစ်သည်။