ဗြိတိန်နိုင်ငံသည် စူပါမားကတ်များတွင် ထင်ရှားသောနေရာ၌ ကျန်းမာရေးအတွက် ကောင်းကျိုးမရှိသော အစားအစာများကိုထားရှိရန် တားမြစ်ပိတ်ပင်

(GMT+08:00)2022-10-03 15:15:02  

အဝလွန်ခြင်းနှင့် ကျန်းမာရေးအတွက် ကောင်းကျိုးမရှိသော အစားအသောက်စားသုံးခြင်း ပြဿနာကို တုံ့ပြန်သည့်အနေဖြင့် ဗြိတိန်အစိုးရက ယခုနှစ်အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ဆား၊သကြား၊အဆီများသော အစားအစာများကို ဈေးဆိုင်များ သို့မဟုတ် စူပါမားကတ်များ၏ ဝင်ပေါက်၊ ငွေရှင်းကောင်တာ အနီးစသည့် အထင်ကရနေရာများတွင် ထားခွင့်မပြုတော့ဟု ကြေညာခဲ့သည်။

ဗြိတိန်နိုင်ငံတွင် အရွယ်ရောက်ပြီးသူ ၂၈ ရာခိုင်နှုန်း အဝလွန်နေပြီး ကလေးများ၏ ၂၈ ရာခိုင်နှုန်းသည် အဝလွန်ကာ အသက် ၁၀ နှစ်မှ ၁၁ နှစ်ကြား ကလေးများ၏ ၄၁ ရာခိုင်နှုန်းသည် အဝလွန်နေကြောင်း စာရင်းအရ သိရသည်။ ပိုဆိုးလာသော အဝလွန်ခြင်းပြဿနာကို ရင်ဆိုင်ဖြေရှင်းရန် အစိုးရအနေနှင့် ပြတ်သားသော အစီအမံများ လုပ်ဆောင်ရန် ကျွမ်းကျင်သူများစွာက အကြံပြုပါသည်။