S11 ချုံချင့် ဝူးရှီးမှ ဝူးစန်းအထိသွားသော အမြန်လမ်း၏ ဝူးစန်းမှ တာ့ချမ်း အပိုင်းကို တရားဝင်စတင် ပြေးဆွဲ

(GMT+08:00)2022-10-03 15:24:03  

စက်တင်ဘာလ ၃၀ ရက်နေ့တွင် တရုတ်နိုင်ငံ S11 ချုံချင့် ဝူးရှီးမှ ဝူးစန်းအထိ သွားသောအမြန်လမ်း၏ ဝူးစန်းမှ တာ့ချမ်းအပိုင်းကို တရားဝင်စတင် ပြေးဆွဲခဲ့ပါသည်။ လက်ရှိအချိန်တွင် ဝူးစန်းခရိုင်မှ တာ့ချမ်းရှေးဟောင်းမြို့နယ်သို့သွားလျှင် မူလ ၂နာရီမှ ယခု မိနစ် ၃၀ အထိ အချိန်တိုတောင်းသွားပါသည်။ ၎င်းသည် လမ်းကြောင်းတစ်လျှောက်ရှိ ပြည်သူများ၏ သွားလာမှုကို လွယ်ကူချောမွေ့စေရုံသာမက ယင်းဒေသတွင်း ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ပါသည်။