“တရုတ်နည်းလမ်း”သည် ယူဂန်ဒါ ရေနံမြေလုပ်ငန်း အဆင့်တိုးမြှင့်ရန် အထောက်အကူပြု

(GMT+08:00)2022-10-03 15:29:56  

ယခုနှစ် ဖေဖော်ဝါရီလတွင် ယူဂန်ဒါနိုင်ငံ၏ ပထမဆုံး စီးပွားဖြစ် ရေနံ တူးဖော်ရေး လုပ်ငန်း အစီအစဉ်ကို တရားဝင် စတင်ခဲ့သည်။ ၄င်းလုပ်ငန်း အစီအစဉ်ကို လက်ခံ လုပ်ကိုင်သည့် တရုတ်ကုမ္ပဏီသည် နောက်ဆုံးပေါ် တရုတ်ထုတ်လုပ်မှု နည်းပညာသစ်ကို ယူဂန်ဒါသို့ ဆောင်ကြဉ်းသွားခဲ့သည်။

ယူဂန်ဒါ နိုင်ငံ Albert Nyanza ဒေသ Kingfisher ရေနံမြေသည် ၄င်းနိုင်ငံ၏ ပထမဆုံး စီးပွားဖြစ် ရေနံ တူးဖော်ရေး လုပ်ငန်းအစီအစဉ် ဖြစ်သည်။ ရေနံမြေ အကျယ်အဝန်းမှာ စတုရန်း ကီလိုမီတာ ၁၅၀၀ ကျော်ရှိကာ ရှာဖွေတွေ့ရှိပြီးသော ရေနံတည်ရှိမှု ပမာဏမှာ စည်ပေါင်း ၆ ဘီလီယံကျော်ရှိ၍ ၂၀၂၅ ခုနှစ် နှစ်ဆန်းတွင် စတင် ထုတ်လုပ်မည်ဟု ခန့်မှန်း ရသည်။ Kingfisher ရေနံမြေ တည်ဆောက်ခြင်းသည် ယူဂန်ဒါအတွက် အလုပ်အကိုင် နေရာ ၁ သောင်းကျော်ကို ဆောင်ကြဉ်းလာပြီး ယူဂန်ဒါ၏ လုပ်ငန်း အဆင့်တိုးမြှင့်ရန် အထောက်အကူပြုမည် ဖြစ်သည်။