လည်ပတ်ခဲ့သည့် ၃နှစ်အတွင်း ပီကင်းတာ့ရှင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ခရီးသည်သယ်ယူပို့ဆောင်မှု စုစုပေါင်း ပမာဏမှာ ၅၂ သန်းရှိ

(GMT+08:00)2022-10-03 15:30:51  

 စက်တင်ဘာလ ၃၀ ရက်နေ့နှင့် အောက်တိုဘာလ ၁ ရက်နေ့တွင် ပီကင်း တာ့ရှင်း အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ခရီးသည် ၇သောင်း ၈ထောင် ၂ရာကို သယ်ယူ ပို့ဆောင်ပြီး လေကြောင်းခရီးစဉ် ၇၆၆ ကြိမ်ကို ဆောင်ရွက်ပေးခဲ့သည်။ ယခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့သည် ပီကင်းတာ့ရှင်းအပြည်ပြည်ဆိုင်ရာ လေဆိပ် လည်ပတ်ခဲ့သည့် ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်သည်။ လွန်ခဲ့သည့် ၃ နှစ်အတွင်း ခရီးသည် သယ်ယူပို့ဆောင်မှု စုစုပေါင်း ပမာဏမှာ ၅၂ သန်းရှိသည်။

သက်ဆိုင်ရာ အဖွဲ့အစည်းမှ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ်ရောက်လျှင် ပီကင်း တာ့ရှင်း အပြည်ပြည်ဆိုင်ရာလေဆိပ်သည် အနီးဝန်းကျင်ဒေသများအတွက် ဆောင်ကြဉ်းလာသော စီးပွားရေးပမာဏမှာ ယွမ်ငွေ ဘီလီယံ ၁၈၀ ရှိမည်ဖြစ်ပြီး ဒေသတွင်း အဆင့်မြင့် ထုတ်ကုန် ပစ္စည်းသစ်များအတွက် သွင်းကုန်ပို့ကုန်ပမာဏ ယွမ်ငွေ ဘီလီယံ ၃၀၀ ခန့်ကို ဖန်တီး ပေးမည် ဖြစ်ကြောင်း သိရသည်။