ဘောလုံးဝါသနာအိုးများကြား ခိုက်ရန်ဖြစ်ပွားမှုတွင် သေဆုံးသူ ၁၂၅ ဦးအထိ လျော့ကျသွားကြောင်း အင်ဒိုနီးရှားအစိုးရအရာရှိဆို

(GMT+08:00)2022-10-03 15:28:21  

အောက်တိုဘာလ ၂ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် ဒုတိယ ပြည်နယ်အုပ်ချုပ်ရေးမှူးက ဒေသဆိုင်ရာဆေးရုံ၏ အချက်အလက်များကို စစ်ဆေးခြင်းအရ အောက်တိုဘာလ ၁ ရက်နေ့ညတွင် ဖြစ်ပွားသော ဘောလုံးဝါသနာအိုးများကြား ခိုက်ရန်ဖြစ်ပွားမှုတွင်လူ ၁၂၅ ဦးသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်ဟု အင်ဒိုနီးရှားနိုင်ငံ မီဒီယာက ဖော်ပြခဲ့ပါသည်။ အစောပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံအစိုးရဘက်က သေဆုံးသူ ၁၇၄ ဦးရှိခဲ့သည်ဟု ဖော်ပြခဲ့ပါသည်။

ယခုလ ၂ ရက်နေ့တွင် အင်ဒိုနီးရှားသမ္မတ JokoWidodo က ဘောလုံး အသင်းပေါင်းစုံပြိုင်ပွဲအားလုံကို ဆိုင်းငံ့ထားရန် အမိန့်ပေးခဲ့ပြီး သက်ဆိုင်ရာဌာနများအား ဘောလုံးပွဲများ၏ လုံခြုံရေးကို ပြန်လည်သုံးသပ်ရန် တောင်းဆိုခဲ့ပါသည်။