ကျန်းရှီးပြည်နယ် ကျီအန်မြို့ရှိ ရေထွက်ပစ္စည်းမွေးမြူရေးစခန်းတွင် ငါးအရောင်းကောင်း

(GMT+08:00)2022-10-03 15:19:12  

အောက်တိုဘာလ ၂ ရက်နေ့က တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ကျီအန်မြို့ လူရှီရွာရှိ ရှင်ဟွမ် ရေထွက်ပစ္စည်းမွေးမြူရေးစခန်းတွင် ရွာသူရွာသားများသည် မွေးမြူထားသော ငါးများကိုဖမ်းပြီး ဈေးကွက်သို့ တင်ပို့ရောင်းချသည်။ လွန်ခဲ့သည့်နှစ်များအတွင်း ရေအရင်းအမြစ်ကိုအခြေခံပြီး“မြေယာကိုအခြေခံပြီး ပြန်လည်အသုံးပြုနိုင်သောရေဖြင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှု ရှိသော မွေးမြူရေး”ကို အားကောင်းစွာ ဆောင်ရွက်ကာ ဒေသခံ မိသားစုများသည် ထူးခြားသော လက္ခဏာပါရှိသည့် မွေးမြူရေးဖြင့် အသက်မွေးဝမ်းကျောင်း လုပ်လာ ကြသည်။