ဂျာကာတာ-ဘန်ဒေါင်း အမြန်ရထားအားလုံးကို ယခုနှစ်အတွင်း အင်ဒိုနီးရှားသို့ တင်ပို့မည်

(GMT+08:00)2022-10-03 15:22:43  

အောက်တိုဘာလ ၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗါးပြည်နယ်မှ ဘန်ဒေါင်းမြို့တွင် ဂျာကာတာ-ဘန်ဒေါင်း အမြန်ရထား ထုတ်လုပ်၊ ရပ်နား၊ ပြုပြင်သည့် နေရာကို တည်ဆောက်နေဆဲ ဖြစ်ကြောင်း၊ တရုတ်ကုမ္ပဏီမှ အင်ဒိုနီးရှားနိုင်ငံအတွက် သီးသန့် ထုတ်လုပ်ပေးသည့် ဂျာကာတာ-ဘန်ဒေါင်းအမြန်ရထားများသည် တရုတ်နိုင်ငံ၏ ပထမဦးဆုံးပြည်ပသို့ တင်ပို့ ရောင်းချသော မြန်နှုန်းမြင့်ရထားဖြစ်သည့်အပြင် အရှေ့တောင်အာရှဒေသတွင် မြန်နှုန်း အမြင့်ဆုံးသော ရထားလည်းဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။