“Nord Stream” ဓာတ်ငွေ့ပိုက်လိုင်းနှစ်ခုစလုံး ယိုစိမ့်မှုရပ်သွားပါပြီ

(GMT+08:00)2022-10-03 15:14:10  

"Nord Stream-1" နှင့် "Nord Stream-2" သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများသည် စက်တင်ဘာလ ၂၆ ရက်နေ့က ယိုစိမ့်မှုဖြစ်ပေါ်ခဲ့သည်။ Nord Stream ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီမှ "Nord Stream-2" သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့ယိုစိမ့်မှုသည် အောက်တိုဘာလ ၁ ရက်နေ့တွင် ရပ်သွား ခဲ့ပြီဖြစ်ကြောင်း၊ အောက်တိုဘာလ ၂ ရက်နေ့တွင် “Nord Stream-1” သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည်လည်း ယိုစိမ့်မှု ရပ်တန့်သွားကြောင်း ဖေါ်ပြသည်။

အခင်းဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပတ်သက်၍ ဒိန်းမတ်နှင့်ဆွီဒင်နိုင်ငံရှိ ငလျင်ပညာရှင် အများအပြားသည် ယိုစိမ့်နေရာအနီးတွင် ရေအောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ဖူးသည်ဟု ယူဆကြသည်။ ယိုစိမ့်မှုမှာ “ဖျက်ဆီးမှု” ကြောင့်ဟု ဥရောပနိုင်ငံအများအပြားက ယူဆကြသည်။ ရုရှားကတော့ ဒီဖြစ်ရပ်အတွက် အမေရိကန်ကတာဝန်ရှိသည်ဟု ပြစ်တင်သော်လည်း အမေရိကန်ကတော့ ငြင်းဆိုထားပါသည်။