ထရန့်၏ သမ္မတမှတ်တမ်းအချို့ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကန်အမျိုးသားမော်ကွန်းတိုက်နှင့် အမျိုးသား မှတ်တမ်းဌာန ဆို

(GMT+08:00)2022-10-02 12:23:29  

အောက်တိုဘာလ ၁ ရက်နေ့က Wall Street Journal နေ့စဉ်သတင်းစာမှ ထုတ်ပြန်သော သတင်းအရ ထရန့်အစိုးရအဖွဲ့ သက်တမ်းကုန်ဆုံးချိန်တွင် ပြန်လည်လွှဲပြောင်းပေးသင့်သည့် သမ္မတ မှတ်တမ်းများ အားလုံးကို ပြန်လည်ရယူနိုင်ခြင်းမရှိသေးကြောင်း အမေရိကန်အမျိုးသား မော်ကွန်းတိုက် နှင့် မှတ်တမ်းများ စီမံခန့်ခွဲရေးဌာနက ပြောကြားခဲ့သည်ဟု သိရသည်။

      ထရန့်အစိုးရအဖွဲ့မှ အိမ်ဖြူတော်ဝန်ထမ်းအချို့သည် အစိုးရကိစ္စရပ်များကို ကိုင်တွယ်ရာတွင် အစိုးရဘက် ဆိုင်ရာ မဟုတ်သော အီမေးလ်အကောင့်များကို အသုံးပြုပြီး အစိုးရဘက်အီမေးလ် အကောင့်သို့ ပြန်ပို့ပေးခြင်းလည်းမရှိသဖြင့် အစိုးရ ဒီဂျစ်တယ် မှတ်တမ်းအချို့ ပျောက်ဆုံးစေခဲ့ကြောင်း အမေရိကန်အမျိုးသား မော်ကွန်းတိုက်နှင့်မှတ်တမ်းများ စီမံခန့်ခွဲရေးဌာနက ပြောကြားခဲ့သည်၊ အမျိုးသား မော်ကွန်းတိုက်နှင့် မှတ်တမ်းများစီမံခန့်ခွဲရေးဌာနသည် အမေရိကန်သမ္မတမှတ်တမ်း အက်ဥပဒေအား ချိုးဖောက်ခြင်းကြောင့် ပျောက်ဆုံးသွားသည့် မှတ်တမ်းများ ပြန်လည်ရယူရန် ဆောင်ရွက်မှု ပြုမပြုခြင်းကို အမေရိကန် တရားရေးဌာနနှင့် တိုင်ပင်ကာ ဆုံးဖြတ်မည်ဟုလည်း ဖော်ပြထားသည်။