စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ဗြိတိန်နေရာအများအပြားတွင် ဆန္ဒပြမှုများ ဖြစ်ပွား

(GMT+08:00)2022-10-02 12:24:27  

စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ဗြိတိန်နိုင်ငံသားအများအပြား၏ နေထိုင်မှု စရိတ်ကို သိသိသာသာ မြင့်တက်လာစေခဲ့သည်။ အောက်တိုဘာ ၁ ရက်နေ့က လန်ဒန်မြို့လယ်ခေါင်တွင် လူအများအပြားက လက်ရှိစွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုနှင့် ဗြိတိန်တွင်နေထိုင်မှုစရိတ်များ မြင့်တက်လာမှုကို ကန့်ကွက်သည့်အနေဖြင့် ဆန္ဒပြခဲ့ကြကြောင်း သိရပါသည်။

      အောက်တိုဘာ ၁ ရက်နေ့တွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ King's Cross ရင်ပြင်တွင် ဒေသခံများက ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး မကျေနပ်ကြောင်း ဖော်ပြကြသည်။ ဆန္ဒပြပွဲစီစဉ်သူများ၏ အဆိုအရ လန်ဒန်အပြင် ထိုနေ့တွင် ဘာမင်အမ်၊ မန်ချက်စတာနှင့် လီဗာပူးတို့အပါအဝင် ဗြိတိန်၏မြို့ကြီး ၁၂ မြို့တွင်လည်း ဆန္ဒပြပွဲများကို ကျင်းပခဲ့ကြောင်း သိရပါသည်။