အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်တွင် ယာဉ်မတော်တဆမှုကြောင့် လူအနည်းဆုံး ၂၂ ဦး သေဆုံး

(GMT+08:00)2022-10-02 12:20:53  

အိန္ဒိယနိုင်ငံတွင် လူ ၅၀ နီးပါး တင်ဆောင်လာသော လယ်ထွန်စက်တစ်စီးသည် အောက်တိုဘာလ ၁ ရက်နေ့ ညနေပိုင်းက Uttar Pradesh ပြည်နယ်တွင် မောင်းနှင်လာစဉ် လမ်းဘေး ရေကန်အတွင်းသို့ တိမ်းမှောက်ခဲ့ရာ လူ ၂၂ ဦးထက်မနည်း သေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရသူများကို ဒေသခံဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။ ယာဉ်မတော်တဆမှုဖြစ်ရသည့် အကြောင်းရင်းကို စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ပါသည်။

      အိန္ဒိယ၀န်ကြီးချုပ်မိုဒီက ဆိုရှယ်မီဒီယာကနေတစ်ဆင့် သေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲ ကြောင်း ဖော်ပြခဲ့ပြီး သေဆုံးသူများ၏ မိသားစုနှင့်ဒဏ်ရာရရှိသူများအား နှစ်သိမ့်ကြေး ပံ့ပိုးမည်ဟု ကြေညာခဲ့သည်။ လမ်းအခြေအနေ ညံ့ဖျင်းခြင်း၊ ယာဉ်မောင်းများ အရှိန်လွန်ခြင်းနှင့် ဝန်လွန်ခြင်းစသော တရားမ၀င် လုပ်ဆောင်မှုများကြောင့် အိန္ဒိယနိုင်ငံတွင် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။ မပြည့်စုံသော စာရင်းဇယားများအရ အိန္ဒိယနိုင်ငံတွင် နှစ်စဉ်ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၁သိန်း၅သောင်းခန့် သေဆုံးသည်ဟု သိရသည်။