ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးက တရုတ်လပြက္ခဒိန်နွေဦးနှစ်သစ်ကူးပွဲတော်ကို တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန် ဥပဒေကြမ်းကို လက်မှတ်ရေးထိုးခဲ့

(GMT+08:00)2022-10-02 12:25:19  

စက်တင်ဘာ ၃၀ ရက်နေ့ သန်းခေါင်ယံမတိုင်မီတွင် အမေရိကန်ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom သည် တရုတ်လပြက္ခဒိန်နွေဦးနှစ်သစ်ကူးပွဲတော်ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန် ဥပဒေကြမ်းကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။

      Newsom သည် တရုတ်နှစ်သစ်ကူးအား လွန်ခဲ့သည့်နှစ်၏ ဒုက္ခများကို ဖယ်ရှားပြီး သာယာဝပြောမှုနှင့် ကံကောင်းမှုများကြိုဆိုခြင်းဖြင့် ရှေ့သို့ချီတက်ကာ ကယ်လီဖိုးနီးယားရှိ တရုတ် နှစ်သစ်ကူးအား တရားဝင်အားလပ်ရက်အဖြစ် အသိအမှတ်ပြုခြင်းသည် အာရှအနွယ်ဖွားများမှ ကယ်လီဖိုးနီးယားအတွက် မတူကွဲပြားသောယဉ်ကျေးမှုများ ဆောင်ကြဉ်းပေးခြင်းကို အသိအမှတ်ပြုခြင်း လည်း ဖြစ်ပြီး ကယ်လီဖိုးနီးယားနိုင်ငံသားအားလုံး တရုတ်နှစ်သစ်ကူးတွင် ပါဝင်ဆင်နွှဲရန် အခွင့်အရေး တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။