တရုတ်အမျိုးသားနေ့ လှုပ်ရှားမှုများကို ဟောင်ကောင်အလွှာပေါင်းစုံတို့ ကျင်းပ

(GMT+08:00)2022-10-02 12:18:26  

အောက်တိုဘာလ ၁ ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် ၇၃ နှစ်မြောက်နှစ် နှင့် ဟောင်ကောင် အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက်သည့် ၂၅ နှစ်မြောက်နှစ်ကို ဂုဏ်ပြုသည့် အနေဖြင့် ဟောင်ကောင်အလွှာပေါင်းစုံတို့သည် အမျိုးသားနေ့ လှုပ်ရှားမှုများကို ပြုလုပ်ပြီး အမိနိုင်ငံစည်ပင်သာယာဝပြောပြီး ပြည်သူများချမ်းသာပါစေဟု ဆုမွန်ကောင်း တောင်းကြသည်။

      တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခဲ့သည့် ၇၃ နှစ်ပြည့်မြောက်ခြင်း ဂုဏ်ပြုသည့် ဟောင်ကောင်အလွှာပေါင်းစုံပဒေသာကပွဲကို အောက်တိုဘာလ ၁ ရက်နေ့က ဟောင်ကောင် အားကစားရုံ၌ ကျင်းပပြီး ဖျော်ဖြေရေးအစီအစဉ်မျိုးစုံဖြင့် ဒေသခံ မြို့သူမြို့သား များနှင့်အတူ အမျိုးသားနေ့ကို နွှဲပျော်ခဲ့ကြသည်။