နယ်စပ်ဖြတ်ကျော် အခြေခံအဆောက်အအုံလုံခြုံရေးကို ထိန်းသိမ်းရန် ဘက်အသီးသီးနှင့် လက်တွဲ ကြိုးစားလိုကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်ပြောဆို

(GMT+08:00)2022-10-02 12:22:30  

တရုတ်နိုင်ငံအနေနှင့် “Nord Stream” သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွင် မကြာသေးမီက နေရာအများအပြား၌ ယိုစိမ့်မှုနှင့်အတူ ပြင်းထန်သောရေအောက်ပေါက်ကွဲမှုဖြစ်ပွါးခြင်းကို လွန်စွာ အာရုံစိုက်ကြောင်း၊ "North Stream" သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ဥရောပရှိ စွမ်းအင်သယ်ယူပို့ဆောင်ရေး၏ အဓိက သွေးကြောဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နယ်စပ်ဖြတ်ကျော် အခြေခံအဆောက်အအုံလုံခြုံရေးကို ထိန်းသိမ်းရန် ဘက်အသီးသီးနှင့် လက်တွဲကြိုးစားလိုကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့က တရုတ် အမြဲတမ်း ဒုကိုယ်စားလှယ် ကင်ရွှမ်က ပြောကြားခဲ့သည်။

      လက်ရှိသတင်းအချက်အလက်များအရ ပေါက်ကွဲမှုက မတော်တဆမှုမဟုတ်ဘဲ အဖျက်အမှောင့် ကြောင့်ဖြစ်နိုင်သည်ဟု တရုတ်နိုင်ငံက သတိပြုမိကြောင်း၊ အမှန်တကယ်ဖြစ်လျှင် ယင်းသည် နိုင်ငံ ဖြတ်ကျော် အရပ်ဘက်သုံး အဆောက်အဦနှင့် ပင်လယ်ရေအောက်ပိုက်လိုင်းကို တိုက်ခိုက်ခြင်းဖြစ်ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းလည်း ဖြစ်ကြောင်း၊ ယိုစိမ့်မှုကိစ္စရပ်ဆိုင်ရာများကို တရားမျှတပြီး ပရော်ဖက်ရှင်နယ်စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် လိုအပ်ကြောင်း သက်ဆိုင်ရာ ဘက်အသီးသီးတို့က ယူဆကြကြောင်း သိရပါသည်။