ယူကရိန်းအရှေ့ပိုင်း ၄ပြည်နယ်၏ ရုရှားနိုင်ငံသို့ ပါဝင်ရေး ဆန္ဒခံယူပွဲကို ဆန့်ကျင်ရေးဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မဲခွဲဆုံးဖြတ်

(GMT+08:00)2022-10-01 14:14:04  

ရုရှားနိုင်ငံသို့ ပါဝင်ရေးဆိုင်ရာ ယူကရိန်းအရှေ့ပိုင်း ၄ပြည်နယ်၏ ဆန္ဒခံယူပွဲကို ဆန့်ကျင်သည့် အမေရိကန်နှင့်အယ်လ်ဘေးနီးယားတို့မှ တင်ပြသော ဆုံးဖြတ်ချက်မူကြမ်း နှင့်ပတ်သက်၍ ယခုလ ၃၀ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မဲခွဲဆုံးဖြတ်ခဲ့သည်။

ရုရှားက မူကြမ်းကို ပယ်ချခဲ့သည်။ ရုရှားသည် လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံဖြစ်ပြီး ဗီတိုအာဏာအခွင့်အရေးရှိသောကြောင့် အဆိုပါမူကြမ်းကို အတည်ပြုပြဋ္ဌာန်းခြင်း မရှိကြောင်း သိရပါသည်။